မြို့ပေါင်း ၆၇ မြို့ကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေ နိုင်ငံ၏ ၃ ပုံ ၁ ပုံကိုပင် စစ်ကောင်စီ စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိတော့

မြို့ပေါင်း ၆၇ မြို့ကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေ နိုင်ငံ၏ ၃ ပုံ ၁ ပုံကိုပင် စစ်ကောင်စီ စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိတော့

မြို့ပေါင်း (၆၇)မြို့ကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ထုတ်ပြန်သည့် ၂၀၂၄ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါမြို့များမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်းတို့ကဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် တော်လှန်ရေးအဖွဲ့အစည်းများက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ပြည်သူ့ကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များက စိုးမိုးအုပ်ချုပ်ထားသည့် မြို့နယ်ပေါင်း (၁၄၄)မြို့ရှိပြီး ၎င်းတို့အနက်မှ မြို့ပေါင်း(၉၅)မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်ဟု သိရသည်။

ထို့အပြင် (၇၉)မြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီစိုးမိုးအုပ်ချုပ်နိုင်သည့် မြို့နယ်မှာ (၁၀၇)မြို့နယ်သာ ကျန်တော့သည်ဟု ဆိုသည်။

ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ မြို့နယ်ပေါင်း (၄၄)ရာခိုင်နှုန်းကို PDF နှင့် EAOs များက စိုးမိုးထိန်းချုပ် အုပ်ချုပ်ထားပြီဖြစ်ကာ (၂၄)ရာခိုင်နှုန်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်တွင် မြို့နယ်(၃၂) ရာခိုင်နှုန်းသာကျန်တော့သဖြင့် နိုင်ငံ၏ (၃) ပုံ (၁) ပုံကိုပင် စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိတော့ဟု ဖော်ပြထားသည်။

ထို့အပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ဆက်သွယ်ထားသော အဓိကနယ်စပ်ကုန်သွယ်ရေး မြို့ အနည်းဆုံး(၁၁)မြို့ကိုလည်း စစ်ကောင်စီလက်လွတ်လိုက်ရပြီဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:အောင်ပွဲရ PDF တပ်ဖွဲ့များကို ပြည်သူလူထုက ကြိုဆိုနေစဥ်(ပုံဟောင်း)