ရေစကြို မင်းရွာရှိ စစ်ကောင်စီ ပူးပေါင်းအထိုင်စခန်းအား နှစ်ရက်ဆက်တိုက် ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

ရေစကြို မင်းရွာရှိ စစ်ကောင်စီ ပူးပေါင်းအထိုင်စခန်းအား နှစ်ရက်ဆက်တိုက် ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာရှိ စစ်ကောင်စီ ပူးပေါင်းအထိုင်စခန်းအား နှစ်ရက်ဆက်တိုက် ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း ကျေးရွာတပ်ပေါင်းစု (Myaung) အဖွဲ့ထံက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် မင်းရွာရှိ စစ်ကောင်စီ ပူးပေါင်းအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒီဇင်ဘာလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ဒရုန်း (၈) စီးဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မင်းရွာ စစ်တပ်၊ ရဲ၊ ပျူစောထီး ပေါင်းစုထားတဲ့ အထိုင်စခန်းပါ။ အသေအပျောက်တော့ မသိရသေးဘူး။ တန်းစီချိန်မှာ စချတာဆိုတော့ ထိခိုက်မှုများနိုင်ပါတယ်။ ၆၀ မမ ပြောင်းကွဲတဲ့အတွက် တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာတော့ရှိတယ်” ဟု ကျေးရွာတပ်ပေါင်းစု (Myaung) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ကျေးရွာတပ်ပေါင်းစု (Myaung) ဗိုလ်စာကလေး ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ၊ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျေးရွာတပ်ပေါင်းစု