မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း ရဲတပ်ဖွဲ့ မှ ဒုတပ်ကြပ်နှစ်ဦးကို တော်လှန်ရေးတပ်က ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရသည်ဟု ရေနံချောင်း PDF ထံမှ သိသည်။
ရေနံချောင်းမြို့ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်များဖြစ်ကြသော အောင်ဒင်နှင့် မြတ်စိုးနိုင်တို့နှစ်ဦးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့က အရပ်ဝတ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်များအား လိုက်လံထောက်လှမ်းနေသည်ဟု သတင်းရရှိသည်ဟု ဆိုသည်။
အဆိုပါသတင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကျည်းတိုင်း-ဖိုးကိုးလမ်းပေါ်တွင် ကြိုတင်စောင့်ဆိုင်းဖမ်းဆီးရာ ဆိုင်ကယ်မရပ်ပေးဘဲ လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရသဖြင့် သေဆုံးသည်ဟု သိရသည်။
ဖမ်းဆီးမှုကို People's Defence Force -Yenangyaung၊ Tamar Myay Special Coloum နှင့် Midland Dolphin's Coloum တို့ကပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: People's Defence Force -Yenangyaung