ရေးမြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

ရေးမြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ကြောင်း ရာမည ပြောက်ကျားတပ်ဖွဲ့ (RGF) အဖွဲ့ထံမှ သိရသည်။

ရေးမြို့နယ် တောင်ပိုင်း  ခမရ (၂၉၉) မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စောစိုးထက်အေးသည် ရေးမြို့မြောက်ပိုင်း တပ်ခွဲ ရာမညပြောက်ကျားတပ်ခွဲ (RGF) ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင် ပြည်သူ့စစ် တပ်သားသည် ၎င်းနှင့်အတူ MA-11 တစ်လက်၊ ကျည် (၁၂၀)တောင့်၊ အီနာဂါ တစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ နင်းမိုင်း တစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်နှင့် အီကွေးမန့် တို့ကို ယူဆောင်အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ အလင်းဝင်လိုသူများအနေဖြင့် ဆက်သွယ်ရမည့် နည်းလမ်းများအား စစ်တပ်သတင်းပေး (ဖရဲသီး) များထံ ဖြန့်ဝေထားပြီး ၊ လာရောက်ပူးပေါင်းမည့်သူများအား ဝမ်းမြောက်တက်ကြွစွာ ကြိုဆိုနေကြောင်း  ရာမညပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

Photo: Ramonya Guerrilla Force