ကချင်ပြည်နယ်၊ မြို့လှမြို့နယ်တွင် ခြေလျှင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီနှင့် မြို့လှ PDF၊ KIA ပူးပေါင်းတပ်ဖွဲတို့ ယနေ့ ဇန်နဝါရီလ(၁၇)ရက်၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူလည်း များပြားကြောင်း မြို့လှ PDF က ယနေ့ဇန်နဝါရီလ(၁၈)ရက်တွင် သတင်း ထုတ်ပပြန်လာသည်။
အင်အား(၅၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ကြီးကုန်းရွာအနီးတွင် မြို့လှ PDF နှင့် KIA တို့ ပူးပေါင်းတိုက်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် မြို့လှ PDF ဘက်မှ ရဲဘော် (၃)ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ (၁၈)ရက် နံနက်ပိုင်းတွင် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို နီးစပ်ရာ ရေလမ်းမှ သယ်ယူနေကြကြောင်း သိရသည်။
#TachileikNewsAgency