စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ကျေးရွာများကို ဝင်ရောက် မီးရှို့ခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ၍ ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ကူညီပေးနေရ

* * * * *

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာအား အာဏာသိမ်းစစ်ကောင်စီတပ်က မေလ(၆)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူ့အိမ် (၈)လုံးနှင့် CDSOM ၏ တောင်ပိုင်းခေါင်းဆောင် ဗိုလ်ကျားသစ် နေအိမ်လည်း ပါသွားကြောင်း သိရသည်။

ဒါ့အပြင် အဆိုပါ စစ်ကောင်စီတပ်များသည် မေလ(၇)ရက်နေ့က  ရေစကြိုမြို့နယ်၊ ရွှေလှံရွာသို့ ထွက်ခွာပီး ပြည်သူအိမ်(၃)လုံးကို ထပ်မံ မီးရှို့ခဲ့ကြကြောင်း သိရသည်။

ထိုနောက် နေ့လယ်ပိုင်းတွင် မင်းလှရွာသို့ ရောက်ရှိလာသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ရကာ တိမ်းရှောင်ဒေသခံများအတွက် ဒေသကာကွယ်ရေးတပ်က ထမင်း၊ ဟင်းနှင့် စားသောက်စရာများ၊ ရေများ လိုက်လံဝေငှခဲ့ရသည်။

ညနေပိုင်းတွင် စစ်ကောင်စီတပ်များက ငါးရံအိုရွာအား မီးရှို့နေ ကြောင်းသိရပြီး အသေးစိတ်အချက်အလက်ကို မသိရသေးပေ။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း PDF များကို အမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဝင်ရောက်ကာ PDF များဟု သတ်မှတ်ပြီး ဒေသခံများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေးသည့်အပြင် နေအိမ်အတွင်း ရှာဖွေခြင်း ပစ္စည်းများ ခိုးယူခြင်းနှင့် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသည်အထိ လုပ်ဆောင်နေခြင်း ဖြစ်၍ ဒေသခံများမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။