မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ်တစ်လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြောင်း သိရသည်။
ထီးလင်းမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ဂန့်ဂေါခရိုင် အမှတ်(၄) တပ်ရင်းထံသို့ MA-13 (၁)လက်နှင့် ကျည် (၁၄၂)တောင့် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရဲတပ်သားသည် စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ဆောင်မှုများကို လက်မခံနိုင်သည်မှာ ကြာပြီဖြစ်ကာ၊ ယခင်ကလည်း လက်နက်၊ခဲယမ်းများနှင့်အတူ CDM ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးပြီး ယခုတကြိမ်တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသည့် CMD ရဲတပ်သားအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုဆုငွေ ပေးအပ်နိုင်ရန်လည်း ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ