ကျောက်ထု မှ မတူပီသို့ စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်က ရမ်တိန်းကျေးရွာကို မီးဝင်ရှို့နေ

ကျောက်ထု မှ မတူပီသို့ စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်က ရမ်တိန်းကျေးရွာကို မီးဝင်ရှို့နေ

မကွေးတိုင်း၊ ကျောက်ထုမှ ချင်းပြည်နယ်၊ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော အာဏာသိမ်းစစ်‌ကောင်စီယာဉ်တန်းနှင့် ရှေ့ပြေးခြေလျှင်စစ်ကြောင်းသည် ယနေ့ ဧပြီလ(၆) ရက်၊ နေ့လည်(၁၂)နာရီတွင် ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း CDF မတူပီ က သတင်းထုတ်ပြန်လာသည်။

၎င်းစစ်ကြောင်းသည် မိုင်တိုင်(၈၄)ရှိ ရမ်တိန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေကြပြီး ဒေသခံများလည်း ထွက်‌ပြေးတိမ်းရှောင်နေကြရကာ လက်ရှိအချိန်ထိ မီးများဆက်တိုက်လောင်ကျွမ်းနေကြောင်း သိရသည်။

မတ်လ(၃၀)ရက်နေ့ကလည်း ၎င်းစစ်ကြောင်းကို မတူပီ - မင်းတပ်လမ်း လည်မျိုချောင်းဆုံအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မတ်လ(၃၁)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်တွင် အဆိုပါ အာဏာသိမ်းစစ်ကောင်စီ စစ်ကြောင်းနှင့် CDF မတူပီတို့  မတူပီ-မင်းတပ်လမ်းပေါ်ရှိ ချန်းပြန်းရွာသစ်နှင့် ချန်ပြန်းရွာဟောင်းကြားတွင် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါသွားကြပြီး နံနက်(၉)နာရီတွင် ထပ်မံထိုးစစ်ဆင်လာ၍ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သေးသည်။