မြင်းခြံတွင် စေတီအုတ်တံတိုင်းပြိုကျကာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

မြင်းခြံတွင် စေတီအုတ်တံတိုင်းပြိုကျကာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
အောက်တိုဘာ 25, 2024 | အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ဘုရားစေတီအုတ်တံတိုင်း ပြိုကျကာ လူတစ်ဦးသေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မြင်းခြံမြို့နယ် အမှတ်(၁၀) ရပ်ကွက်၊ နယ်မြေ (၇)အတွင်းတွင် မဟာဝါဠုကာရာမ သဲပြင် ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့် (၈)ပေ၊ အလျား (၁၅၀) ပေ ခန့်ရှိ အုတ်တံတိုင်းပြိုကျခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးသူမှာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းဘေးတွင် အဖီဆွဲတဲထိုးနေကြရသူများဖြစ်သည်ဟုလည်း သိရသည်။ 

မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပြောင်းပြာချောင်းရေ မြင့်တက်လာမှု ဖြစ်ပွားနေပြီး ပြောင်းပြာချောင်းအနီးရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့