ထီးလင်းမြို့နယ်ကို ဖြတ်သန်းသည့်လမ်းပိုင်းများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထီးလင်း PDF အသိပေး

ထီးလင်းမြို့နယ်ကို ဖြတ်သန်းသည့်လမ်းပိုင်းများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထီးလင်း PDF အသိပေး
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို ဖြတ်သန်းသွားသည့်လမ်းပိုင်းများတွင် အာဏာသိမ်းတပ်ဖြတ်သန်းမှုကြောင့် အများပြည်သူ မထိခိုက်စေရေးအတွက် ယာယီအသုံးမပြုရန် သတိပေးထားသည့် ထီးလင်းမြို့နယ်ကို ဖြတ်သန်းသည့်လမ်းပိုင်းများအား အများပြည်သူ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ထီးလင်း PDF က အသိပေးထားသည်။

ထီးလင်းမြို့နယ်အတွင်း ထီးလင်း-ဂန့်ဂေါလမ်း၊ ထီးလင်း -တပြင်းလမ်း၊ ထီးလင်း-ကျောလမ်း၊ ထီးလင်း-ပေါက် လမ်းပိုင်းများအား ယနေ့ ဒီဇင်ဘာလ (၁၅) ရက်န့မှစ၍ ပုံမှန်အတိုင်း ပြန်လည် ဖြတ်သန်းသွားလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်ဟု ထီးလင်း PDF က ထုတ်ပြန်ထားသည်။

အများပြည်သူအနေဖြင့် ခရီးသွားလာရာတွင် သတိဝီရိယဖြင့် သွားလာကြရန်ကိုလည်း အသိပေးထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များက အာဏာသိမ်းအဖွဲ့နှင့် ထောက်တိုင်များအား တိုက်ခိုက်ရာတွင် အများပြည်သူထိခိုက်မှုမရှိစေရေးအတွက် အသိပေးချက်များ၊ မေတ္တာရပ်ခံချက်များ ထုတ်ပြန်ခြင်း၊ မိမိတို့၏ တိုက်ခိုက်မှုများဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်းဖြင့် အများပြည်သူကို အသိပေးခြင်းများကို လုပ်ဆောင်နေကြသည်ကို တွေ့နေရပြီး အာဏာသိမ်းအဖွဲ့ကမူ တိုက်ခိုက်မှုများတွင် အများပြည်သူအား အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှုများအား အခြားအဖွဲ့များကို စွပ်စွဲသတင်းထုတ်ပြန်ခြင်းများကို တစိုက်မတ်မတ်လုပ်နေသည်ကို တွေ့ရသည်။