စလင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုမီးရှို့

စလင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုမီးရှို့

မကွေးတိုင်း စလင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာနှင့် ကျွဲဦးကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ပြီးခဲ့သည့် ဩဂုတ်လ (၁၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အထိနာသည့်စစ်ကောင်စီတပ်သည် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အင်အား(၁၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို အမှတ်(၁ ) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်းအမှတ် (၁၊၂ ၊၅ )၊ စလင်းမြို့နယ် ပကဖတို့က ကင်ပွန်းခြုံနှင့် ကျွဲဦးကျေးရွာများအနီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူများခဲ့သည်ဟု စလင်း မြို့နယ် ပကဖက ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် ကင်ပွန်းခြုံကျေးရွာမှ ကျန်ရှိနေအိမ်များနှင့် ကျွဲဦးကျေးရွာမှ အိမ်ခြေ (၁၅၀)ဝန်းကျင်အား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ကားနှစ်စီးဖြင့် ညတွင်းချင်းသယ်ကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်များက မီးရှို့ခံကျေးရွာများမှ ပြည်သူများအား တိုက်ပွဲအတွင်းမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့ရသည်ဟုလည်း သိရသည်။

#TachileikNewsAgency