အရာတော်မြို့နယ်အတွင်းရှိ သလဲဘာပျူရွာအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

အရာတော်မြို့နယ်အတွင်းရှိ သလဲဘာပျူရွာအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် တောင်ခြမ်း သလဲဘာပျူရွာအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း Shwebo Crocodile (ဗိုလ်မိကျောင်း) အဖွဲ့ထံမှ သိရသည်။

အရာတော်မြို့နယ် တောင်ခြမ်း သလဲဘာပျူရွာ အထိုင်စခန်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့ နံနက် (၆)နာရီခန့်တွင် တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် (၅)နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃)ဦး ၊ ငွေတွင်းပျူရွာမှ ပြည်သူ့စစ် (၁)ဦး ၊ သလဲဘာပျူရွာမှ ပြည်သူ့စစ် (၃)ဦး သေဆုံးခဲ့ပြီး ၊ တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ရင်း (၁၉)မှ တပ်ဖွဲ့ဝင် (၁)ဦးနှင့် Zero အဖွဲ့မှ တပ်ဖွဲ့ဝင် (၁)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သလဲဘာပျူရွာ အထိုင်စခန်း ပတ်လည်တွင် နင်းမိုင်းများချထားသဖြင့် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး ၊ စခန်းသိမ်းပိုက်နိုင်ရန် နီးစပ်ခဲ့သော်လည်း အရာတော်လေ့ကျင့်ရေး (၁၀)အထိုင်တပ်နှင့် ငွေတွင်းပျူရွာမှ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခြင်းနှင့် မြေပြင်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Shwebo Crocodile အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား တပ်ရင်း (၂၁/၁၉/၂၆/၂၂ ) Zero ဦးဆောင်ပြီး ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile  ၊ ဗိုလ်ကျားရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်ဂျပန်ကြီ TTT အဖွဲ့ ၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းစစ်သည်အဖွဲ့ ၊ ရွှေဘိုအားမာန်အဖွဲ့ ၊ HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Yar Thawed ၊ YAUNG NI ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ BO BA Taw (LDF) နှင့် ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency