ကျောနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်

ကျောနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်
စက်တင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်းသို့ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့က CDM ပြုလုပ်လာကြောင်း သိရသည်။

ကျောနယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား ဦးအာကာမောင်သည် G3 တစ်လက်၊ ကျည်ဘောက်(၂)ခု၊ ကျည်ဆံ(၁၂၀)တောင့်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်ခဲ့ကြောင်း စက်တင်ဘာလ (၉)ရက်နေ့တွင် People’s Defence Force - KYAW တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာသော ပြည်သူ့ရဲဘော်များအား နွေးထွေးစွာ ကြိုဆိုလက်ခံနေသည်ဟုလည်း ကျောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၁၉)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency