ဘုတလင်မြို့မှ ဖမ်းဆီးလာသည့် အရပ်သား ၅၃ ဦးကို စစ်ကောင်စီတပ်ပြန်လွှတ်

ဘုတလင်မြို့မှ ဖမ်းဆီးလာသည့် အရပ်သား ၅၃ ဦးကို စစ်ကောင်စီတပ်ပြန်လွှတ်
နိုဝင်ဘာ 15, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဘုတလင်မြို့မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ဖမ်းဆီးသွားသည့် အရပ်သား(၅၃)ဦးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား (၂၀၀)ဝန်းကျင်ပါပြီး အရပ်သား (၅၃)ဦး ကို ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် စစ်ကောင်စီစစ်ကြောင်းအား ယင်းမာခရိုင် အမှတ် (၉)တပ်ရင်း၏ တပ်ရင်းရုံးစစ်ကြောင်းနှင့် Ba Thu Kyawal Coulmn တို့က မိုင်း(၁၀)လုံး ဖောက်ခွဲပြီးနောက် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟုလည်း Ba Thu Kyawal Coulmn က ထုတ်ပြန်ထားသော်လည်း Tachileik News Agemcy အနေဖြင့် အတည်မပြုနိုင်သေးပါ။

ထို့နောက် စစ်ကောင်စီတပ်သည် ဓားစာခံ(၅၃)ဦးကို တစ်ဦးလျှင် ငွေကျပ်(၃၀၀၀)ပေးကာ ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတပ်ဖွဲ့များထံ Tachileik News Agemcy အနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency