ခင်ဦးတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်သဖြင့် ပကဖက ငွေကျပ်သိန်း ၅၀ ချီးမြှင့် 

ခင်ဦးတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်သဖြင့် ပကဖက ငွေကျပ်သိန်း ၅၀ ချီးမြှင့် 
နိုဝင်ဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ခင်းဦးမြို့နယ် ပကဖထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသော လုပ်သက်(၁၇)နှစ်ရှိ စစ်ကောင်စီတပ်သားတစ်ဦးသည် ခင်ဦးမြို့နယ် ပကဖနှင့် ဆက်သွယ်ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ MA1 အမျိုးအစား လက်နက်တစ်လက်၊ ကျည်ဘောက်(၃)ခုနှင့် 5.56 ကျည် ၂၃၆ တောင့်တို့ ပါလာခဲ့ကြောင်း သိရသည်။

၎င်းအား ကာကွယ်ရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာဌာနသို့  မှတ်တမ်းဓာတ်ပုံများနှင့်အတူ တင်ပြထားပြီး ယနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ခင်ဦးမြို့နယ် ပကဖက ငွေကျပ်သိန်း(၅၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency