စစ်ခေါင်းဆာင်၏ တရုတ်ခရီးစဉ်တွင် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆွေးနွေးနိုင်ခဲ့သည်ဟုဆိုကာ ဘာသာရေးအဖွဲ့အစည်းများက ဂုဏ်ယူကြောင်းထုတ်ပြန်

စစ်ခေါင်းဆာင်၏ တရုတ်ခရီးစဉ်တွင် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆွေးနွေးနိုင်ခဲ့သည်ဟုဆိုကာ ဘာသာရေးအဖွဲ့အစည်းများက ဂုဏ်ယူကြောင်းထုတ်ပြန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်ကို ဘာသာရေးအသင်းအဖွဲ့များက ဂုဏ်ယူကြောင်း ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က ထုတ်ပြန်ကြကြောင်း သိရသည်။

စစ်ခေါင်းဆောင်၏ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ တရုတ်နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆွေးနွေးနိုင်ခဲ့သည်ဟုဆိုကာ ဘာသာရေးအဖွဲ့အစည်းများက ထုတ်ပြန်ကြခြင်း ဖြစ်သည်။ 

စစ်ခေါင်းဆောင်ကို မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားအသင်းအဖွဲ့များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ လူမျိုးပေါင်းစုံညီညွတ်ရေးနှင့် အကျိုးဆောင်အဖွဲ့(ယာယီ)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးတို့က ဂုဏ်ယူဝမ်းမြောက်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အစည်းများသည် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီတပ်တို့ လုပ်သမျှကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နှင့် တော်လှန်ရေးအပေါ် ကန့်ကွက်ကြောင်း မကြာခဏ ထုတ်ပြန်လေ့ရှိသည်။

#TachileikNewsAgency