မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်အုပ်စုက လူသားဒိုင်း အသုံးပြုသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ နောက်ဆုံးပေးခဲ့ရ

အာဏာသိမ်းစစ်အုပ်စု၏ ပစ္စည်းအချို့ တိုက်ပွဲတွင်း တစ်နေရာတွင် ကျန်ရစ်ခဲ့စဉ်
အာဏာသိမ်းစစ်အုပ်စု၏ ပစ္စည်းအချို့ တိုက်ပွဲတွင်း တစ်နေရာတွင် ကျန်ရစ်ခဲ့စဉ်
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်အုပ်စုက လူသားဒိုင်း အသုံးပြုသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ နောက်ဆုံးပေးခဲ့ရ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ပိုဝမြောက်ရွာကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က အထိနာခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့က အင်အား (၃၀)ဝန်းကျင်ဖြင့် မတ္တရာမြို့နယ်အတွင်း ရွာလှည့် လုယက်နေသည့် စစ်အုပ်စုသည် ပိုဝမြောက်ရွာသို့ စစ်ကြောင်းထိုးလာစဥ် ပြင်ဦးလွင်ခရိုင် ပ. က. ဖ က ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က အထိနာခဲ့ကြောင်း သိရသည်။

ထို့နောက် တော်လှန်ရေးအဖွဲ့က စစ်အုပ်စုကို ဝိုင်းထားစဥ် စစ်အုပ်စုဘက်က တပ်ကူလာသည့် အင်အား(၇၀)ဝန်းကျင်သည် ပြည်သူ(၄၀)အား လူသားတံတိုင်းပြုလုပ်၍ တက်လာသဖြင့် တော်လှန်ရေးအဖွဲ့များ နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။

ပြည်သူများ အနေနှင့် စစ်အုပ်စုစစ်ကြောင်းလာပါက ရှောင်ရှားပေး ကြရန်လလည်း မေတ္တာရပ်ခံထားသည်။

အဆိုပါ တိုက်ပွဲကို ကောင်းကင် တော်လှန်ရေးအင်အားစု၊ Unicorm အဖွဲ့၊ Peacock Warrior Force အဖွဲ့၊ ဧရာဝတီပျံလွှားအဖွဲ့၊ မိုးကြိုး မုန်တိုင်း အဖွဲ့နှင့် နယ်မြေခံ ပကဖများ စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Photo: ကောင်းကင် တော်လှန်ရေးအင်အားစု