စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် သင်္ကန်းဝတ် ဝါသဝ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်ကောင်စီက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့တွင် လက်နက်တပ်ဆင်ပေးကြောင်း သိရသည်။
မုံရွာမြို့ မုံရွာ-ရေဦးလမ်းမကြီးအနီးရှိ အခြေစိုက်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နမခ)တိုင်းမှူးကိုယ်တိုင် ဦးဆောင်ကာ ဝါသဝ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို လက်နက်တပ်ဆင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝါသဝသည် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် စသည့်မြို့နယ်များမှ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှုအားကောင်းသည့် ကျေးရွာများကို ခြေကုတ်ယူပြီး ပြည်သူ့စစ်များကို ဦးဆောင်ဖွဲ့စည်းနေခြင်းဖြစ်သည်။
#TachileikNewsAgency