ထားဝယ်မြို့နယ် မောင်မယ်ရှောင် ဟားလီးကွေ့တွင် အင်အားဖြည့်ကာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများအား စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်

ထားဝယ်မြို့နယ် မောင်မယ်ရှောင် ဟားလီးကွေ့တွင် အင်အားဖြည့်ကာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများအား စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့တွင် အင်အားဖြည့်ကာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများအား စနိုက်ဘာဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့တွင် အင်အားဖြည့်ကာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၇) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ဘာဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန် တိုးမြင့်ဆောင်ရွက်နေသည့်အတွက် စစ်ရေးအထူး သတိပြု သွားလာကြရန်နှင့် စစ်ကောင်စီမှ စစ်သားများ ၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းကြပါရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က အသိပေး တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: YePhyu People Defence Force - YPPDF