မင်းဘူးခရိုင် အမှတ် (၁) စစ်ဒေသ၏ ပထမဆုံး အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်း

မင်းဘူးခရိုင် အမှတ် (၁) စစ်ဒေသ၏ ပထမဆုံး အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်း

မကွေးတိုင်း မင်းဘူးခရိုင် အမှတ် (၁) စစ်ဒေသ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ကြောင်း မင်းဘူးခရိုင် အမှတ် (၄) တပ်ရင်းထံမှ သိရသည်။

မင်းဘူးခရိုင် အမှတ် (၁) စစ်ဒေသ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သည် သင်တန်းကာလ (၃) လနီးပါး ကြာမြင့်ခဲ့ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့တွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အခြေခံစစ်ပညာသင်တန်းတွင် စစ်ရေးပြ၊ ကိုယ်စီ (၁၈)၊ အခြေခံစစ်နည်းဗျူဟာများနှင့် စစ်သည်တော်ကျင့်ဝတ်တို့ကို သင်တန်းဆရာများမှ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့ မင်းဘူးခရိုင် ကွပ်ကဲရေးမှူး၊ မင်းဘူးခရိုင် တပ်ရင်းအသီးသီးမှ တာဝန်ရှိသူများနှင့် မကွေးတိုင်း၊ ခရိုင် ပကဖ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များသည် မင်းဘူးခရိုင်တပ်ရင်းအသီးသီးတွင် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း