မကွေးတိုင်း ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က Earthquake People`s Defence Force ထံ အလင်းဝင်လာကြောင်း သိရသည်။
ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား အောင်ဗိုလ်မင်း အသက်(၃၁)နှစ်သည် ပထမအကြိမ် သေနတ်ယူပြီးထွက်ပြေးစဉ် ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုပြန်လွတ်လာချိန်တွင် အူစီအမျိုးအစားကျည်ဘောက်(၂)ခု၊ ၉ မမ ကျည် (၁၀၀)တို့ကို ယူဆောင်ပြီး ကာကွယ်ရေးအဖွဲ့ထံ ချိတ်ဆက်အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအား သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆိုလက်ခံပြီး သက်ဆိုင်သည့် လုံခြုံသောနေရာအား အသက်အာမခံချက်အပြည့်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့ပေါ် စခန်းအသီးသီးမှ စစ်ကောင်စီဘက်တော်သားများအနေဖြင့် ပြည်သူလူထုအပေါ် လူမဆန်ပဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသော အကြမ်းဖက်စစ်တပ်အား အမြန်စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: Earthquake People’s Defence Force