ချောင်းဦးမြို့ ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

ချောင်းဦးမြို့ ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့ ထွေအုပ်ရုံးတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း PEACOCK Drone Team-Myaung အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့ ထွေအုပ်ရုံးတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Shar Htoo Waw နည်းပညာသုံး Fixed Wings (၅)စီးဖြင့် Drop Bomb (၅)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရခြင်းနှင့်ပက်သက်ပြီး သတင်းဖုံးထားသဖြင့် စစ်ကောင်စီတပ်သား ထိခိုက်သည်ဟုသာ သိရကြောင်း PEACOCK Drone Team-Myaung အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား PEACOCK Drone Team-Myaung၊ M.D.F ဒရုန်း ကျားခင်စိန် ၊ Sparrow Drone Strike၊ စစ်ကိုင်းခရိုင် အမှတ် (၂) တပ်ရင်း တပ်ခွဲ (၃)၊ စစ်ကိုင်းခရိုင်အမှတ် (၁)တပ်ရင်း ၊ Hawk Guerrila Force နှင့် စစ်ကိုင်းခရိုင် ထောက်ပို့တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: eacock Drone Team-Myaung