မင်းအောင်လှိုင်၏ အာဏာရှင်စစ်တပ်သည် မွန်တမျိုးသားလုံး၏ ဘုံရန်သူဟု မွန်တပ် ၃ဖွဲ့ထုတ်ပြန် 

မင်းအောင်လှိုင်၏ အာဏာရှင်စစ်တပ်သည် မွန်တမျိုးသားလုံး၏ ဘုံရန်သူဟု မွန်တပ် ၃ဖွဲ့ထုတ်ပြန် 

မွန်ပြည်သူ၊ ပြည်သားများ စစ်ကောင်စီကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်ညီ၊ လက်ညီတိုက်ပွဲဝင်ကြရန် မွန်တော်လှန်ရေး(၃)ဖွဲ့က (၇၇)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အတွက် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။ 

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာ မွန်တို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိမင်းအောင်လှိုင်၏ အာဏာရှင်စစ်တပ်သည် မွန်တမျိုးသားလုံး၏ ဘုံရန်သူဖြစ်သည်။ ထို့ကြောင့် မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူကို တစ်မျိုးသားလုံးအင်အားစုအသွင်ဖြင့် စုစည်းတော်လှန်ရန်လိုအပ်သည့်အပြင် ဘုံရန်သူစစ်အာဏာရှင်အား တိုက်ပွဲဝင်နေသော မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်များအားလုံး စုစည်းတိုက်ပွဲဝင်ရန်လိုသည်ဟု ဆိုသည်။

ယနေ့စစ်အာဏရှင်တိုက်ဖျက်ရေးတွင် တိုက်ပွဲဝင်နေကြသော ဘဝတူတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေး အင်အားစုများအားလုံးနှင့်လည်း မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ရန်လိုသည်ဟု ထုတ်ပြန်ထားသည်။

ယနေ့တိုင်းပြည်တွင်ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်သည် အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲများအတွက် အကောင်းမွန်ဆုံးအချိန်အခါဖြစ်ပြီး စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် ညီညွတ်မှုပျက်ပြားနေကာ အာဏာရှင်စစ်တပ်သည်လည်း ယိမ်းယိုင်နေပြီဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသည့် အဖွဲ့များမှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့ဖြစ်သည်။

#TachileikNewsAgency

Photo: Mon State Revolutionary Force - MSRF