ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ယောကာကွယ်ရေးတပ် (YDF)လည်း ပါဝင်

ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ယောကာကွယ်ရေးတပ် (YDF)လည်း ပါဝင်

ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ယောကာကွယ်ရေးတပ်(YDF)လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၃၇၄)၊ ခမရ (၃၇၅)၊ ခမရ (၃၇၆)နှင့် တပ်မဌာနချုပ် စကခ(၉)တို့ကို ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ယောကာကွယ်ရေးတပ်(YDF)က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်က ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းအား မဟာမိတ်များနှင့်အတူ ယောကာကွယ်ရေးတပ်(YDF)က ပါဝင်တိုက်ခိုက်ခဲ့သည်ဟုလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်းသိမ်းတိုက်ပွဲသည် (၃)ပတ်ကြာမြင့်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့က ရက္ခိုင့်တပ်တော်က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: ယောကာကွယ်ရေးတပ် - YDF