မုဒုံတွင် စစ်ကောင်စီကားတစ်စီး ပစ်ခတ်ခံရကာ အရာခံဗိုလ်တစ်ဦးသေဆုံး

မုဒုံတွင် စစ်ကောင်စီကားတစ်စီး ပစ်ခတ်ခံရကာ အရာခံဗိုလ်တစ်ဦးသေဆုံး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ထံမှ သိရသည်။

မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ မော်လမြိုင်-သံဖြူဇရပ်လမ်းမတွင် ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့က အိမ်စီးကားဖြင့်လာသည့် အမှတ်(၃၁၈)အမြောက်တပ်ရင်းမှ စစ်ကောင်စီတပ်သားများကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့က ပစ်ခတ်ရာ အရာခံဗိုလ် တင်ဝင်း သေဆုံးပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရာခံဗိုလ်တင်ဝင်းသည် ကျည်ထိမှန်သေဆုံးပြီး ကားပေါ်မှ ပြုတ်ကျခဲ့ကာ ၎င်း၏သေနတ်ကိုလည်း သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အလောင်းလာမကောက်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : New Mon State Party-AD