ရွှေတိဂုံဘုရားတွင် တို့အနာဂတ်ငါတို့ပိုင်တယ် စာသားချိတ်ဆွဲ

ရွှေတိဂုံဘုရားတွင် တို့အနာဂတ်ငါတို့ပိုင်တယ် စာသားချိတ်ဆွဲ

ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ (၃၆)ပြည့်အတွက် စာသားချိတ်ဆွဲကြောင်း Mayangone Democratic Front-MDF ထံမှ သိရသည်။ 

ရှစ်လေးလုံး (၃၆)နှစ်ပြည့်အတွက် "The Future Of Our Nation is in Our Hands"၊ "ငါတို့အနာဂတ်ငါတို့ပိုင်တယ်"၊ "ငါတို့နိုင်ငံရဲ့အနာဂတ်ငါတို့ကိုယ်တိုင်ထုဆစ်မယ်"စာသားကို ချိတ်ဆွဲခြင်းဖြစ်သည်။

၎င်းစာသားကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ဖြစ် သည့် Kyimyindaing Networks-KMD18၊ Owl Community၊ Mayangone Democratic Front-MDF၊ Linn Young Ni Youth Association-LYNYA တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Mayangone Democratic Front