လားရှိုးမြို့တွင်း လေကြောင်းမှ ဗုံးကြဲခံရကာ သေဆုံးသွားသူမိသားစုဝင်များကို MNDAA က ဝမ်းနည်းကြောင်း ပြောဆိုကာ ထောက်ပံ့ပေး

လားရှိုးမြို့တွင်း လေကြောင်းမှ ဗုံးကြဲခံရကာ သေဆုံးသွားသူမိသားစုဝင်များကို MNDAA က ဝမ်းနည်းကြောင်း ပြောဆိုကာ ထောက်ပံ့ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များကို MNDAA တပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သွားရောက်အားပေးပြီး ငွေကျပ်(၁၅)သိန်းနှင့် ဆန်တစ်အိတ်နှင့် ဆီတစ်ပုံးတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် ရှုံးနိမ့်သွားသည့် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ဈေးများ၊ လူနေရပ်ကွက်များနှင့် စာသင်ကျောင်းများပျက်စီးပြီး အရပ်သား(၃)ဦးသေဆုံးကာ (၁၀၀)ဦးနီးပါး ဒဏ်ရာရသည်ဟု သိရသည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား MNDAAက ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီးနောက် ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ (၃)ဦး၏ နေအိမ်များသို့ သွားရောက်ခဲ့ပြီး ဝမ်းနည်းကြောင်းပြောဆိုကာ ယင်းသို့ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网