လောင်းလုံးမြို့နယ်တွင် လမ်းလုံခြုံရေးအတွက် ခလရ ၁၀၄ မှထွက်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံပြီး ၂ ဦးသေ

လောင်းလုံးမြို့နယ်တွင် လမ်းလုံခြုံရေးအတွက် ခလရ ၁၀၄ မှထွက်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံပြီး ၂ ဦးသေ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် လုံခြုံရေးယူပေးရန်ထွက်လာသည့် စစ်ကောင်စီတပ်သား (၃)ဦးကို ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂)ဦး သေပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိကြောင်း ဗထူးတပ်မတော်ထံမှ သိရသည်။

လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာနှင့် ခလရ(၁၀၄)တပ်ရင်းအကြားလမ်းပိုင်းတွင် လမ်းကင်းလုံခြုံရေးယူပေးရန် ခလရ(၁၀၄)တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သား(၃)ဦးကို ဗထူးတပ်မတော်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ဦးသေပြီး တစ်ဦးဒဏ်ရာရရှိကာ MA-1 တစ်လက်၊ (၅.၅၆)ကျည် (၃၇၀)တောင့်၊ ကျည်ဘောက် (၈)ခု၊ ၄၀ မမ ဗုံးသီး (၃)လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ အီနာဂါ ဗုံးသီး(၃)လုံး၊ စကားပြောစက် (၁)လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လိုက်နာကြရန်နှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားရန်လည်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Ba Htoo Army-BHA