ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များသိမ်း

ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များသိမ်း

မကွေးတိုင်း ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

ဇူလိုင်လ (၂၅)ရက်နေ့ကစတင်ကာ အဆိုပါရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ Jammer စက်ကြီးတစ်လုံး၊ M 79 တစ်လက်၊ ၆၀ မမ (၆)လုံး၊ အီနာဂါ (၄)လုံး၊ G 3 ကျည် (၂၈၀)တောင့်၊ ၉ မမ ကျည် (၅၀)တောင့်၊ ရှေ့ထွက်မိုင်း (၄)လုံး၊ မီးစက်တစ်ခု၊ ဘတ္ထရီ(၂)ခုနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။ 

ထို့နောက် စခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုများကို ရေစကြိုမြို့နယ် ပကဖ၊ SSTF၊ မြိုင် ပကဖ၊ နွေဦးစစ်သည် ရေလည်ကျွန်းဒေသ၊ ပခုက္ကူခရိုင် အမှတ်(၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency