မြို့ပြပြောက်ကျား အဖွဲ့က ရွှေပြည်သာတွင် ရဲမှူးတစ်ဦး၏ နေအိမ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

မြို့ပြပြောက်ကျား အဖွဲ့က ရွှေပြည်သာတွင် ရဲမှူးတစ်ဦး၏ နေအိမ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဎ (၁၃) ရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီ လက်အောက်ခံ ရဲမှူး မိုးညို၏ နေအိမ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း The Grand Unsung(TGU) မြို့ပြပြောက်ကျား အဖွဲ့ထံမှ သိရသည်။

ရွှေပြည်သာ ဎ (၁၃) ရပ်ကွက်တွင် နေထိုင်သည့် ရဲမှူးမိုးညို၏ အိမ်တွင် ၎င်းနှင့် အပေါင်းအပါများ အတူရှိနေစဉ် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ နံနက် (၆)နာရီခွဲဝန်းကျင်တွင် မြို့ပြပြောက်ကျား ပူးပေါင်းအဖွဲ့မှ ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

မြို့ပြပြောက်ကျားအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲမှူးမိုးညို၏ Honda Fit ကားမှာ မီးလောင်ကျွမ်းခဲ့သည်ကို မျက်မြင်တွေ့ရပြီး နောက်ဆက်တွဲထိခိုက်မှုများကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း The Grand Unsung (TGU) မြို့ပြ ပြောက်ကျားအဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအား The Grand Unsung (TGU) နှင့် Black Tiger UG Team တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: The Grand Unsung