အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေး တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ လက်တွဲ

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေး တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ လက်တွဲ
စက်တင်ဘာ 19, 2024 | 2021 Military Coup

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် တိုင်းရင်းသားအဖွဲ့ (၉)ဖွဲ့က လက်တွဲအကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို ချဥ်းကပ်မှုဖြင့် တော်လှန်ရေးကာလမှ စ၍ ပြည်နယ်၊ လူမျိုးကောင်စီများ၊ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမည်ဟု ထုတ်ပြန်သည်။

ပါဝင်သည့်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(MNSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MNFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)တို့ ပါဝင်သည်။

#TachileikNewsAgency

Photo: Karenni National Progressive Party