ပဲခူးတိုင်းအရှေ့ခြမ်းတွင် PDF နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး နှင့် ရွှေ့ပြောင်းနေရာချထားခြင်းများ လုပ်ဆောင်

ပဲခူးတိုင်းအရှေ့ခြမ်းတွင် PDF နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး နှင့် ရွှေ့ပြောင်းနေရာချထားခြင်းများ လုပ်ဆောင်
စက်တင်ဘာ 15, 2024 | အခြားဒေသများ

ပဲခူးတိုင်းအရှေ့ခြမ်းတွင် PDF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး နှင့် ရွှေ့ပြောင်းနေရာချထားခြင်းများ ပြုလုပ်လျှက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲထံမှ သိရသည်။

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၏ စိုးမိုးနယ်မြေတွင် တပ်ရင်းမှတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်ပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် ရွှေ့ပြောင်းနေရာချထားခြင်းတို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ရေဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသောကြောင့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်နှင့် သတိပြုသွားလာနေထိုင်ကြပါရန် အမှတ် (၂) စစ်ဒေသခွဲ ၊ တောင်ပိုင်းစစ်ဒေသက တိုက်တွန်းထားသည်။

မြန်မာပြည်အထက်ပိုင်းမှရေများ အောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာနိုင်သည့်အတွက် ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင် ရေကြီးမှုဘေးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ကြောင်း  ယမန်နေ့ စက်တင်ဘာလ (၁၅) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ