ဖြူးမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ဖြူးမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ဖြူးမြို့နယ် (ပကဖ) အဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖြူးမြို့နယ် စက်ကုန်းကျေးရွာ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီအထိုင်နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စက်တင်ဘာလ (၄) ရက်နေ့တွင် နေ့လယ် (၁၁)နာရီခန့်မှ စတင်ပြီး ညနေ (၅)နာရီခန့်အထိ ဒရုန်းဖြင့် လေးကြိမ် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသဖြင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုအား အတိအကျ သိရှိနိုင်ခြင်းမရှိသော်လည်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိပ်ပေါကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖြူးမြို့နယ် (ပကဖ) က ဆိုသည်။

ထို့နောက် စက်တင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် လိပ်ပေါကျေးရွာအတွင်းရှိ စစ်ကောင်စီအထိုင်နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် နှစ်ကြိမ် ထပ်မံ ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းအရ ပြန်လည်သိရကြောင်း ဖြူးမြို့နယ် (ပကဖ) က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ဖြူးမြို့နယ် ပကဖ Drone အဖွဲ့နှင့် သာယာဝတီမြို့နယ် ပကဖ Drone အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency