မန္တလေး PDF ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေး

မန္တလေး PDF ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေး
အောက်တိုဘာ 22, 2024 | 2021 Military Coup| အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနသည် မန္တလေးတိုင်းအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကြောင်း ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မည်သည့်အကြောင်းအရာများကို ဆွေးနွေးသည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ရွာများကို အောက်တိုဘာလ (၂၁)ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး အပါအဝင် (၂)ဦး သေဆုံးပြီး (၄)ဦး ထက်မနည်း ဒဏ်ရာရကြောင်း Wetlet Informational Network က ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဝေဟင်ကို အဓိကဦးစားပေး အသုံးပြုနေသောကြောင့် မတ္တရာမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့စည်းများ၏ လေကြောင်းလမ်းညွှန်မှုများအား လိုက်နာပေးကြရန်နှင့် နေထိုင်ရာအနီးတဝိုက်တွင် ဗုံးခိုကျင်းများ၊ အကာကွယ်ရှိသောနေရာများတွင် နေထိုင်ကြရန်လည်း သတိပေးထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)