လယ်ဒိုမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNU ထံ အလင်းဝင်

လယ်ဒိုမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNU ထံ အလင်းဝင်

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် (၂) သင်တန်းဆင်း စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ကြောင်း ကေအဲန်ယူဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ် တပ်ရင်း (၉) နယ်မြေအတွင်း စစ်ကောင်စီတပ် ခမရ−၅၈၉ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) ဆင်း တပ်သား ကျော်မင်းအောင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ၎င်းကိုင်ဆောင်သည့် လက်နက်များနှင့်အတူ KNU ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်သား ကျော်မင်းအောင်နှင့်အတူပါလာသော MA-3 (၁) လက်၊ ကျည်ဘောက် (၅)ခု၊ လက်ပစ်ဗုံး (၁)လုံး နှင့် ၅.၅၆ ကျည် (၁၅၀)တောင့်တို့ကို KNLA တပ်ရင်း (၉) ထံ အပ်နှံခဲ့သည်ဟု ဆိုသည်။

အလင်းဝင်စစ်ကောင်စီတပ်သားအား KNLA တပ်ရင်း (၉)မှ ဆုကြေးငွေ ကျပ် (၁၀) သိန်း နှင့် လယ်ဒိုမြို့နယ်မှ ဆုငွေ ကျပ် (၁၀) သိန်း စုစုပေါင်း ကျပ်သိန်း (၂၀)အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: KNU