လေယာဉ်ငယ် စမ်းသပ်မောင်းနှင်စဉ် နေအိမ်ပေါ် ပျက်ကျ

လေယာဉ်ငယ် စမ်းသပ်မောင်းနှင်စဉ် နေအိမ်ပေါ် ပျက်ကျ

ထိုင်းနိုင်ငံ စမွတ်စခွန်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ ထိုင်းစံတော်ချိန် နံနက် (၁၀) နာရီ မိနစ် (၅၀) ဝန်းကျင်တွင် နေအိမ်ပေါ်သို့ လေယာဉ်ငယ်တစ်စီး ပျက်ကျကာ လေယာဉ်မှူး သေဆုံးသွားကြောင်း သိရသည်။

အသက် (၃၄)နှစ်အရွယ် နည်းပြဖြစ်သူက အင်ဂျင်ချို့ယွင်းသဖြင့် ပြင်ဆင်နေသည့် လေယာဉ်အား စမ်းသပ်ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်အား အရေးပေါ်ဆင်းသက်ရန် ကြိုးစားစဉ် လူနေအိမ်တစ်လုံးပေါ် ပျက်ကျ မီးလောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Source: Khaosod