မြောင်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီးအား ပစ်ခတ်တိုက်ခိုက်

မြောင်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စီးအား ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်တန်းကျေးရွာ တောင်ဘက်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂) စီးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ်(၃)-တပ်ရင်းထံမှ သိရသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂)စီးအား ကျောက်တန်းကျေးရွာ တောင်ဘက်တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၅) ရက်နေ့ မနက်ဆယ်နာရီခွဲခန့်မှ စတင်ပြီး နာရီဝက်ခန့်ကြာ PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်နှင့် MSPDF ထုတ် လက်လုပ် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း မြင်းခြံခရိုင် အမှတ်(၃)-တပ်ရင်းမှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၃)-တပ်ရင်းနှင့် အတူညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF၊ မြောင်ကျေးရွာတပ်ပေါင်းစုနှင့် သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency