စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အနေဖြင့် ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီလုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ဘန်နာချိတ်ဆွဲ ဆန္ဒပြ

စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အနေဖြင့် ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီလုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ဘန်နာချိတ်ဆွဲ ဆန္ဒပြ

စစ်အာဏာသိမ်းခြင်း (၄)နှစ်ပြည့်အနေဖြင့် ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ “All Power to the people” အာဏာအားလုံး လူထုဆီသို့ ဆိုသည့် ဘန်နာချိတ်ဆွဲ၍ ဆန္ဒပြကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee(GSC) ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လူထုအပေါ် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အထွေထွေအကြပ်အတည်းများ၊ အမျိုးသား အမျိုးသမီး လူငယ်များပါမကျန် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးမှုများကြား ပူပန်သောကများနေရသည့် လူထုနှင့် တသားတည်းရှိကြောင်း ၊ လူထု၏ အာဏာအလုံးစုံသည် လူထုလက်ထဲသို့ ဧကန်ရောက်ရှိမည်သာဖြစ်ပြီး ကြပ်တည်းပိတ်မိနေကာ ထွက်ပေါက်ရှာလာနေသည့် စစ်ကောင်စီတပ်ကို လူထုတရပ်လုံးအားဖြင့် ပိတ်ဆို့တိုက်ခိုက် အောင်ပွဲအရယူကြမည်ဖြစ်ကြောင်း သတင်းစကားပါးခြင်းဖြစ်သည်ဟု General Strike Committee (GSC) က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းခြင်း လေးနှစ်ပြည့်သည့်နေ့တွင် အာဏာရှင်စနစ်ဆိုး၏ ဒဏ်ကို နောက်ထပ်မျိုးဆက်များ မတွေ့ကြုံရန် လူထုအားဖြင့် အမြစ်ပါမကျန် ဆွဲနှုတ်တွန်းလှန်ကြရန် Yangon Revolution Force-YRF က “We are still under the Military’s Boots” ကျွန်ုပ်တို့သည် စစ်ဖိနပ်အောက်တွင် ရှိနေဆဲ ဆိုသည့် ဗီနိုင်းကို ရန်ကုန်မြို့တနေရာတွင် ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော် တိုက်တွန်းခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: General Strike Committee