ရုရှားပြန် မင်းအောင်လှိုင် ခရီးစဉ်အပေါ် မဲရှုံး (၂၉)ပါတီက ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရုရှားသမ္မတ ပူတင်တို့ မတ်လ(၄)ရက်နေ့က တွေ့ဆုံစဉ်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရုရှားသမ္မတ ပူတင်တို့ မတ်လ(၄)ရက်နေ့က တွေ့ဆုံစဉ်
ရုရှားပြန် မင်းအောင်လှိုင် ခရီးစဉ်အပေါ် မဲရှုံး (၂၉)ပါတီက ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ

 ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးပြီးနောက် အာဏာသိမ်းစစ်တပ်ကို အပြတ်အသတ် ထောက်ခံလိုက်ကြသည့် နိုင်ငံရေး ပါတီ(၂၉)ပါတီက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ ရုရှားနိုင်ငံ နှင့် ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခွင့်ရရှိခဲ့ပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်ကို ၂၀၂၅ခုနှစ် မတ်လ(၁၂)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာကြသည်။

အဆိုပါ ထုတ်ပြန်ချက်ကို စစ်တပ်၏ ကိုယ်ပွားပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ထုတ်ပြန်ရာတွင် ရှမ်းပြည်နယ်မှ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကျားဖြူပါတီ နှင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ ပါဝင်သည်ကို တွေ့ရသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့သည် ရုရှား နှင့် ဘယ်လာရုစ်နိုင်ငံသို့ ၂၀၂၅ခုနှစ် မတ်လ(၃)ရက်နေ့ကနေ မတ်လ(၉)ရက်နေ့အထိ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် မဲရှုူံး နိုင်ငံရေးပါတီများသည် အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားက ပြန်လာတိုင်း ယခုလို ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ပြန်လေ့ရှိသည်။