အပူပိုင်းမုန်တိုင်းငယ်တစ်ခု မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း သတင်းထုတ်ပြန်

အပူပိုင်းမုန်တိုင်းငယ်တစ်ခု မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း သတင်းထုတ်ပြန်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဆက်လက်အား ကောင်းနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် အပူပိုင်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ ဧရာဝတီကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းတို့ကို ဖြတ်ကျော်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ယနေ့မတ်လ(၁၉)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် (၂၄)နာရီအတွင်း အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပြီး မတ်လ (၂၂) ရက်တွင် မြန်မာနိုင်ငံ၊ မော်တင်စွန်းအထက်နားမှဖြတ်ကျော်ကာ  (၂၃)ရက်နေ့တွင် စစ်တွေနှင့် ကျောက်ဖြူကြားမှ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ထုတ်ပြန် ထားသည်။

သက်ရောက်နိုင်သည့် နေရာများမှာ မော်တင်စွန်းထိပ် ဧရာဝတီ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေနှင့် ကျောက်ဖြူကြားတို့ဖြစ်ကြောင်း သိရသည်။

အပူပိုင်းမုန်တိုင်းငယ်၏ သက်ရောက်နိုင်ခြေရှိသော ကမ်းရိုးတန်းနေ ပြည်သူများအနေဖြင့်လည်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းခြင်းနှင့် ပင်လယ်ပြင် ခရီးသွားလာခြင်းများကို ရှောင်ရှားကြရန်လည်း နှိုးဆော်ထားသည်။

ကမ်းရိုးတန်းအနီး မြေနိမ့်ဒေသများတွင် နေထိုင်သော ဒေသခံ ပြည်သူများအနေဖြင့် အပူပိုင်း မုန်တိုင်းငယ် အရှိန်ကြောင့် ဒီရေမြင့်တက် လာနိုင်သည့်အန္တရာယ်ကိုလည်း သတိပြုနေထိုင်သင့်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency