ဆောနယ်မြေအတွင်း သစ်၊ ဝါး၊ မျှော များကို စီးပွားဖြစ် ထုတ်ယူရောင်းချခြင်းအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထား

ဆောနယ်မြေအတွင်း သစ်၊ ဝါး၊ မျှော များကို စီးပွားဖြစ် ထုတ်ယူရောင်းချခြင်းအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထား
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ဆောနယ်မြေတွင် ဇန်နဝါရီလ(၁၈)ရက်ကစပြီး သစ်၊ ဝါး၊ မျှော များကို စီးပွားဖြစ် ထုတ်ယူရောင်းချခြင်းအား တားမြစ် လိုက်ကြောင်း ယနေ့ဇန်နဝါရီလ(၁၇)ရက်တွင် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၎င်းကြေညာချက်ကို နောက်ထပ် ပြင်ဆင်ကြေညာချက် မထုတ်မချင်း တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်သုံး၊ ကျေးရွာသုံး လုပ်ငန်းများအတွက် သစ်၊ ဝါး၊ မျှော ထုတ် ယူသုံးစွဲခြင်းကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်တင်ပြပြီး အခွန်ကင်းလွတ် ပမာဏတစ်ခုအထိ ခွင့်ပြုချက်ဖြင့်သာ ထုတ်ယူသုံးစွဲခွင့်ရှိကြောင်း ထုတ်ပြန်သည်။

ဒါ့အပြင် ကြေညာချက်ကို ဖောက်ဖျက်ကျူးလွန်ပြီး သစ်၊ ဝါး၊ မျှော ထုတ်ယူသုံးစွဲခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာနယ်မြေအလိုက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့လုံးခြုံရေးအဖွဲများနှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်သည်။

#TachileikNewsAgency