ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ နံနက်(၁)နာရီခွဲဝန်းကျင်တွင် ဗုံးကြဲခြင်းကြောင့် ဒေသခံ (၁၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲချရာ နေအိမ်(၁၀)လုံးခန့် ပျက်စီးသည်ဟုလည်း သိရသည်။
"ညစျေးပေါ့။ မြိုလယ်ဘုရားအနီးကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲသွားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
သေဆုံးသူများထဲတွင် ကလေး ယောကျာ်းလေး တစ်ဦးနှင့် မိန်းကလေး တစ်ဦး၊ လူကြီး အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ပါဝင်ကြောင်း သိရသည်။
ဒဏ်ရာရသူများတွင် ကလေး မိန်းကလေး (၂)ဦး၊ လူကြီး အမျိုးသမီး(၅)ဦးနှင့် အမျိုးသား(၄)ဦးတို့ ပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီသည် တံတားဦးလေတပ်ဘက်မှ MIG-29 တိုက်လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင်သည်ဟု သိရသည်။
#TachileikNewsAgency
Video: CJ