ပြည်သူတရပ်လုံးကို လက်နက်အားကိုးနှင့် ဖိနှိပ်နေသည့် စစ်တပ်ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ကြရန် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတိုက်တွန်း

ပြည်သူတရပ်လုံးကို လက်နက်အားကိုးနှင့် ဖိနှိပ်အနိုင်ကျင့်ခဲ့သည့် စစ်တပ်ကို အပြီးအပိုင် မြန်မာ့မြေပေါ်မှ ညာလက်ကျိုးလည်း ဘယ်လက်ဝဲဖြင့် တသံတည်းမြည် တချီတည်းရုန်းပြီး အတူတကွ မောင်းထုတ်သွားကြရန် NUG အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်ပြည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် အမျိုး သားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တော်လှန်ပြည်သူများကို ယင်းသို့ တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Nai Suwunna