မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအတွင်း စစ်ကြောင်းထိုးတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအတွင်း စစ်ကြောင်းထိုးတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းမှ ဇူလိုင်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအတွင်း စစ်ကြောင်းထိုးတပ်စွဲနေသည့် အင်အား (၈၀)ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇူလိုင်လ (၁၄) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း မြေပြင်သတင်းအရ ပြန်လည်သိရှိရသည်ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းနှင့် စွန်ရဲ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: Natogyi People Defence Force