လက်နက်နှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားကို CNO/CNDF မှ ဂုဏ်ပြုငွေ သိန်း ၆၀ ချီးမြှင့်

လက်နက်နှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားကို CNO/CNDF မှ ဂုဏ်ပြုငွေ သိန်း ၆၀ ချီးမြှင့်

ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) တပ်ရင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် တပ်သားကို ဂုဏ်ပြုငွေ သိန်း (၆၀) ချီးမြှင့်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ထံမှ သိရသည်။

ဖလမ်းမြို့ စစ်ကောင်စီ ခလရ (၂၆၈)ခြေလျင်တပ်ရင်းမှ တပ်သား ဇင်မျိုးအောင်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် လက်နက်ခဲယမ်းနှင့်အတူ ချင်းအမျိုးသားအဖွဲ့ချုပ်ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်စစ်ကောင်စီတပ်သားသည် ၎င်းနှင့်အတူ MA-1 (၁)လက်၊ ကျည်ဆံ (၁၅၀)တောင့် နှင့် အီနာဂါဗုံးသီး (၄)လုံး ယူဆောင်လာခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF သည် ကလေး၊ ကဘော်ဒေသများတွင် အခြေစိုက်လှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ကလည်း ဖလမ်းမြို့ ခလရ (၂၆၈)တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး CNO/CNDF ထံ လက်နက်နှင့်အတူအလင်းဝင်ရောက်ခဲ့ပြီး ၎င်းအား ဆုကြေးငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency