သိမ်ဇရပ်မြို့အထွက်ရှိ ခမရ ၂၀၇ ကာကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

သိမ်ဇရပ်မြို့အထွက်ရှိ ခမရ ၂၀၇ ကာကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အထွက်ရှိ စစ်ကောင်စီတပ်၏ ခမရ(၂၀၇)အနီးမှ ကုက္ကိုလ်ပင် ကာကင်းဂိတ်စခန်းကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား (၁၅)ဦးကျော် အထိုင်ချထားသည့် အဆိုပါဂိတ်ကို KNLA၊ ABSDF၊ ဝေါ(ပကဖ)နှင့် ခရွဲကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ဖက်တပ်ဖွဲ့အကြား မိနစ်(၃၀)ကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။

အဆိုပါကင်းစခန်းကို တော်လှန်ရေးတပ်များက မကြာခဏ တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency