MNDAA က စစ်ကောင်စီတပ်သားနှင့် မိသားစု၀င် နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးထား

MNDAA က စစ်ကောင်စီတပ်သားနှင့် မိသားစု၀င် နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးထား

ရှမ်းမြောက်တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သားနှင့် မိသားစု၀င် (၂၀၀၀)ကျော်ကို ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း MNDAA က ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ဩဂုတ်လ (၁၃)ရက်နေ့တွင် MNDAA သည် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် (၁၈၅)ဦးကို ထပ်မံလွှတ်ပေးခဲ့ပြီး (၇)ကြိမ်မြောက် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

လားရှိုးတိုက်ပွဲတွင် တိုက်ပွဲအစမှအဆုံးအထိ ထောင်နှင့်ချီသော စစ်ကောင်စီတပ်သားများ လက်နက်ချခဲ့ကြပြီး လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထားသည်။

#TachileikNewsAgency

Photo: 果敢资讯网