လှိုင်မြို့နယ်တွင် စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်

လှိုင်မြို့နယ်တွင် စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်

ရန်ကုန်တိုင်း လှိုင်မြို့နယ်တစ်နေရာတွင် ဥယျာဉ်မှူးစစ်ဆင်ရေးအနေဖြင့် “တရားတဲ့သူသာနိုင်ကြေးဟေ့”ဟူသည့် ဘန်နာစာသားချိတ်ဆွဲ၍ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ကြောင်း သိရသည်။

လှိုင်မြို့နယ်တစ်နေရာတွင် လူငယ်များက ၂၀၂၄ခုနှစ် မေလ (၂၆)ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခြေဥစာအုပ်အား မီးတင်ရှို့နေစဉ်အတွင်း အနီးအနားရှိ ဒလန်၏ တိုင်ကြားမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေနတ်ဖြင့် သုံးချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ဘေးကင်းရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့အတွင်း စစ်ကောင်စီမှ လုံခြုံရေးတင်းကျပ်ထားပြီး ဆန္ဒပြလူငယ်များကို သေနတ်ဖြင့်ပစ်ခတ်ခြင်း ၊ ဖမ်းဆီးရရှိပါက နှိပ်စက်ညှဥ်းပန်း၍ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းများလုပ်ဆောင်နေသော်လည်း လူငယ်များ၏ စစ်ကောင်စီအပေါ် ဆန္ဒထုတ်ဖော်ပြသခြင်းများသည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဆန့်ကျင်ဆန္ဒပြနေကြသည်။

#TachileikNewsAgency

Photo: Shinobi