အင်းတော်ကြီးဒေသရှိ ချောင်းဝနှင့် ဝေလုံစစ်ကောင်စီ တပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်

အင်းတော်ကြီးဒေသရှိ ချောင်းဝနှင့် ဝေလုံစစ်ကောင်စီ တပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ချောင်းဝပြည်သူ့စစ်စခန်းနှင့် ဝေလုံတပ်စခန်းတို့ကို KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေကြောင်း KPDF ထံမှ သိရသည်။

ချောင်းဝပြည်သူစစ်စခန်းကို ယနေ့ ၂၀၂၄ ခုနှစ် နံနက်ပိုင်းကစတင်၍ တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်လာကြောင်း သိရသည်။

"ချောင်းဝနဲ့ ဝေလုံတပ်စခန်းကို တိုက်နေတာပေါ့။ တိုက်ပွဲကဖြစ်နေဆဲပဲ။ အစက ကျွန်တော်တို့ဘက်က သိပ်မပစ်ဘူး။ ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ အခုတော့ တိုက်ပွဲပြင်းထန်နေတယ်။"ဟု KPDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ ချောင်းဝ ပြည်သူ့စစ်စခန်းကို ၂၀၂၂ ခုနှစ်ကလည်း KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက် မီးရှို့ဖျက်ဆီးခဲ့သေးသည်။

#TachileikNewsAgency