ကျိုက်ထိုမြို့နယ်တွင် သောက်စားပျော်ပါးနေသည့် ရဲ ၃ ဦးကို KRF ဖမ်းဆီး

ကျိုက်ထိုမြို့နယ်တွင် သောက်စားပျော်ပါးနေသည့် ရဲ ၃ ဦးကို KRF ဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကဒက်ချောင်းတွင် သောက်စားပျော်ပါးနေသည့် ရဲတပ်ဖွဲ့၀င်(၄)ဦးကို ဖမ်းဆီးရမိထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့က ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာအနီးရှိ ကဒက်ချောင်းတွင် သောက်စားပျော်ပါးနေသည့် ကျိုက်ထိုမြို့မရဲစခန်းနှင့် သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၃)ဦးကို KRF က နယ် မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဥ်အတွင်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။ 

ဖမ်းဆီးရမိသူများမှာ နယ်ထိန်း ရဲတပ်သား ၀င်းထက်၊ ရဲတပ်သား ကြည်သာ(ခ)ဖိုးအော၊ ရဲတပ်သား ကောင်းထက်ကျော်(ခ)ကျန်ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းပြီး သက်ဆိုင်ရာ တာ၀န်ရှိသူများထံ ပို့ဆောင်အပ်နှံထားသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)